Sunday, January 13, 2008

ဆေးရောင်စုံအဖွဲ့၏ ၁၂-၀၁-၂၀၀၈ ဘန်ကောက်မြို့ပွဲစဉ် အောင်မြင်စွာကျင်းပပြီးစီး

၁၂-၀၁-၂၀၀၈ တွင် ဘန်ကောက်မြို့ Student Christian Center ၌ကျင်းပသော ဆေးရောင်စုံ အငြိမ့်အဖွဲ့၏ ထိုင်းနိုင်ငံ ပထမပွဲစဉ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဘန်ကောက်မြို့ဝန်းကျင်ရှိမြန်မာ ပရိသတ်သာမက နိုင်ငံခြားသားများပါ တခဲနက် လာရောက်အားပေးခဲ့ကြသည်။ ဆေးရောင်စုံ အဖွဲ့သားများကလည်း မြန်မာ့ရိုးရာအကပဒေသာ၊ တေးသီချင်း၊ သံချပ်၊ အငြိမ့်တို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ကပြဖျော်ဖြေခဲ့ကြပြီး ပြည်သူ့ အနုပညာသည်တို့၏ တင်ဆက်ဖျော်ဖြေမှုနှင့် ပြည်သူလူထု၏ တခဲနက် လှိုက်လှိုက်လှဲလှဲ အားပေးမှုကို ကြည်နူးအားတက်ဖွယ် မြင်တွေ့ခဲ့ရသည်။

ဆေးရောင်စုံအဖွဲ့၏ ၁၂-၀၁-၂၀၀၈ ဘန်ကောက်မြို့ပွဲစဉ် အမှတ်တရ ပုံရိပ်များ

3 comments:

ထွန်း said...

ယိုးဒယားဘုန်းကြီးတော့မဖြစ်နိုင်ဘူး ဗမာဘုန်းကြီးလား။ အငြိမ့်နဲ့ ဘုန်းကြီးမသင့်တော်ပါဘူး။ အဲဒီပုံဖြုတ်ပေးပါ။ ဗုဒွဘာသာယုံကြည်တဲ့ ကျနော်တို့ အတွက် သိကွာကျပါတယ်။ ဒါနဲ့ အဲဒီဘုံးကြီးတွေ ညစာရော မြိုသေးသလား

ZMT said...

လူတစ်ယောက်ကို အသားအရည်ကြည့်ပြီးမူဆလင် ကုလားလို့ပြောလို့ရမလား။ နောက်ပြီး သံဃာကိုအခုလိုစော်ကား တာမှ ဗုဒ္ဓဘာသာ ကိုစော်ကားရာရတယ်။ အခုလိုပြောထွက်တဲ့လူတွေကကော ဗုဒ္ဓဘာသာဝင် အစစ်တွေလား။ ဗုဒ္ဓအကြောင်းကောဘယ်လောက်သိလဲ။ ဒါဟာဝိနည်းနဲ့ညီတယ်မညီဘူးဆိုတာကိုပြောရအောင် အခုလိုပြောတဲ့လူတွေ ကကော ဘယ်လောက်တောင်ဝိနည်းနားလည်လို့လဲ။ နောက်ပြီး သီလေးသီးရဲ့ပြက်လုံးတွေဟာ စစ်တပ်ကိုကော စစ်သားကိုပါ ပုဂ္ဂိုလ်ရေးအရမပြောသလို၊ ဘယ်သူ့ကိုမှလဲ မဆဲပါဘူး။ ပြည်သူတွေရဲ့ ရင်ထဲက ခံစားချက်တွေကို အပြုသဘောဆောင်စွာနဲ့ ဟာသပျက်သွားတာ။ သူတို့တတ်ကျွမ်းတဲ့ပညာနဲ့ဖျော်ဖြေသွားတာတွေပါ။ နိုင်ငံပြင်ပရောက် နေပြီ၊ အမှားအမှန် အဆိုးအကောင်းဝေဖန်ပိုင်းခြား နိုင်တဲ့ အခြေအနေ ရေခံမြေခံ ကောင်းတွေ ရှိတဲ့ နေရာ ရောက်နေတာတောင် အမှန်တရားကိုလက်ခံဖို့ ၀န်လေးတဲ့လူတွေကိုမြင်ရတာ တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။

Spirit Media Production said...

ဘုန်းဘုန်းတွေက အငြိမ့်နေနဲ့ လာကြည့်တာ မဟုတ်ပါဘူး။ ပြည်သူ့ဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ရဲတဲ့ ပြည်သူ့သူရဲကောင်းများကို အားပေးဂုဏ်ပြုတဲ့အနေဲ့ လာရောက်ချီးမြှင့်တာပါ။ အဲဒီမှာ ပြောချင်တာက ပရိသတ် အများစုဟာလည်း ဖျော်ဖြေမှုကိုကြည့်ရုံသက်သက် လာကြတာမဟုတ်ပါဘူး။ သူတို့ရဲ့ပုံစံက သူရဲကောင်းတွေကို လာရောက်အားပေးတဲ့ပုံနဲ့ပဲတူပါတယ်။ ဘယ်ဖျော်ဖြေပွဲမှာမှ မတွေ့ရတဲ့ပုံစံမျိုးနဲ့ပါ။ သီးလေးသီးအဖွဲ့ရော စီစဉ်သူတွေပါ အဲဒီလို လူထုရဲ့ တခဲနက်အားပေးမှုကိုတွေ့ရတာ ၀မိးသာလွန်းလို့ အဲဒီပွဲအပြီး ထမင်းတောင် ကောင်းကောင်းမစားနိုင်ပါဘူး။ တကယ်ပါ။ လူထုရဲ့ ထောက်ခံအားပေးမှုကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့ မြင်ကွင်းပေါ်မူတည်ပြီးပြောချင်တာကတော့ လာရောက်အားပေးသူအများစုဟာ ဒို့နိုင်ငံရဲ့ သူရဲကောင်းတွေကို အားပေးရမယ်ဆိုတဲ့အသိနဲ့ လာကြတာပါ။ ပွဲမကျင်းပခင်ကတည်းက ပရိသတ်တွေ ကျွန်တော်တို့ကို ဆက်သွယ်လာကတည်းက သူတို့ရဲ့ စကားတွေကိုနားထောင်ကြည့်ကတည်းက သိနိုင်ပါတယ်။ ဒီအငြိမ့်ပွဲကို ကျွန်တော်တို့က သာမန်ဖျော်ဖြေပွဲတခုအနေနဲ့ သတ်မှတ်မယ် ဆိုရင်တော့ ပြည်သူကိုစော်ကားရာရောက်ပါလိမ့်မယ်။ သီးလေးသီးအဖွဲ့ဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် သူတို့တတ်တဲ့ပညာနဲ့ နိုင်ငံကို အလုပ်အကျွေးပြုကြတာပါ။ ပြန်ရောက်ရင် အဖမ်းခံရမှာသိသိနဲ့ ရဲရဲဝံ့ဝံ့ လုပ်ကြတာပါ။ သူတို့ဟာ နိုင်ငံခြားပွဲစဉ်တွေအားလုံးပြီးရင် ဗမာပြည်ကို ပြန်မယ်လို့ အတိအလင်း ကြေညာထားပြီးသားပါ။ ကြခတ်ဝိုင်းက သင်္ကန်းဝတ်ဇောတိပါလလို သာသနာဖျက်တွေကို အားပေးအားမြှောက် လုပ်သူတွေကို ကန့်ကွက်ရမယ့်အစား အမျိုး၊ ဘာသာ၊ သာသနာအတွက် ဆောင်ရွက်ကြသူများကို လာရောက်အားပေးချီးမြှောက်သော ပြည်သူ့သံဃာတော်တွေကို ပြစ်တင်စကားကြားရတာတော့ စိတ်မကောင်းပါ ခင်ဗျား။