Sunday, January 13, 2008

ဆေးရောင်စုံ အငြိမ့် ဘန်ဘွန်ပွဲစဉ် အကြောင်းအမျိုးမျိုးကြောင့် ရက်ရွေှ့ဆိုင်း

၁၃ - ၁ - ၂၀၀၈ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘွန် တွင် ကျင်းပရန် စီစဉ်ထားသည့် ပွဲစဉ်ကို အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ပဲ ရက် ရွေှ့ဆိုင်းလိုက်ရပါသည်။ အဓိက အကြောင်းရင်းမှာ ၂ - ၁ - ၂၀၀၈ တွင် ထိုင်းဘုရင်မင်းမြတ်၏ အစ်မတော် ကွယ်လွန်အနိစ္စရောက်သဖြင့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ထိုင်းတစ်နိုင်ငံလုံး ၁၅ ရက်တိတိ outdoor ပျော်ပွဲရွှင်ပွဲများနှင့် ဖျော်ဖြေပွဲများကို ကျင်းပခြင်းမပြုရန် အများပြည်သူအား ထိုင်းအစိုးရမှ မေတ္တာရပ်ခံထားခြင်းကြောင့် ဘန်ဘွန်ရှိ နယ်မြေခံ အာဏာပိုင်များ အနေနှင့်လည်း ပွဲကျင်းပခွင့်ပြုရန် အခက်အခဲရှိသဖြင့် ယခုကဲ့သို့ ရက်ရွေှ့ဆိုင်းရခြင်း ဖြစ်သည်။

ဆေးရောင်စုံအဖွဲ့ အနေနှင့် အခြားနိုင်ငံများသို့လည်း ခရီးဆက်ရန် အစီအစဉ်များရှိသေးသည့်အတွက် ဘန်ဘွန်ပွဲစဉ်အတွက် ရက်အတိအကျ မသတ်မှတ်နိုင်သေးကြောင်း၊ သို့သော် အခြေအနေပေးပါက ဖျော်ဖြေရန်အသင့်ရှိကြောင်း သိရှိရသည်။

ဆေးရောင်စုံ အငြိမ့်အဖွဲ့သည် စင်္ကာပူနိုင်ငံ ပွဲစဉ်အပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၅ - ၂၆ ဇန်န၀ါရီ၌ ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ အခြားဒေသများတွင် အဆင်ပြေပါက ဆက်လက် ကပြဖျော်ဖြေမည် ဖြစ်သည်။

No comments: