skip to main
|
skip to sidebar
Spirit Media Production
ဇန်န၀ါရီလ ၄ ရက် ၂၀၀၈၊ နှစ် ၆၀ ပြည့် ဗမာ့လွတ်လပ်ရေးနေ့တွင် စတင်တည်ထောင်သည်။
Tuesday, January 29, 2008
သီးလေးသီး နှင့် ဆေးရောင်စုံ အငြိမ့် ဘန်ကောက်မြို့အနီး အုန်းနွဲ့ အရပ်တွင် ကပြဖျော်ဖြေမည်
သီးလေးသီး နှင့် ဆေးရောင်စုံ အငြိမ့် ဘန်ကောက်မြို့အနီး အုန်းနွဲ့ အရပ်တွင် ဖေဖော်ဝါရီလ ၃ ရက် ၂၀၀၈၊ တနင်္ဂနွေနေ့တွင် တင်ဆက်ကပြဖျော်ဖြေမည့် ပွဲ ပိုစတာ
Sunday, January 13, 2008
ဆေးရောင်စုံအဖွဲ့၏ ၁၂-၀၁-၂၀၀၈ ဘန်ကောက်မြို့ပွဲစဉ် အောင်မြင်စွာကျင်းပပြီးစီး
၁၂-၀၁-၂၀၀၈ တွင် ဘန်ကောက်မြို့ Student Christian Center ၌ကျင်းပသော ဆေးရောင်စုံ အငြိမ့်အဖွဲ့၏ ထိုင်းနိုင်ငံ ပထမပွဲစဉ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဘန်ကောက်မြို့ဝန်းကျင်ရှိမြန်မာ ပရိသတ်သာမက နိုင်ငံခြားသားများပါ တခဲနက် လာရောက်အားပေးခဲ့ကြသည်။ ဆေးရောင်စုံ အဖွဲ့သားများကလည်း မြန်မာ့ရိုးရာအကပဒေသာ၊ တေးသီချင်း၊ သံချပ်၊ အငြိမ့်တို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ကပြဖျော်ဖြေခဲ့ကြပြီး ပြည်သူ့ အနုပညာသည်တို့၏ တင်ဆက်ဖျော်ဖြေမှုနှင့် ပြည်သူလူထု၏ တခဲနက် လှိုက်လှိုက်လှဲလှဲ အားပေးမှုကို ကြည်နူးအားတက်ဖွယ် မြင်တွေ့ခဲ့ရသည်။
ဆေးရောင်စုံအဖွဲ့၏ ၁၂-၀၁-၂၀၀၈ ဘန်ကောက်မြို့ပွဲစဉ် အမှတ်တရ ပုံရိပ်များ
ဆေးရောင်စုံ အငြိမ့် ဘန်ဘွန်ပွဲစဉ် အကြောင်းအမျိုးမျိုးကြောင့် ရက်ရွေှ့ဆိုင်း
၁၃ - ၁ - ၂၀၀၈ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘွန် တွင် ကျင်းပရန် စီစဉ်ထားသည့် ပွဲစဉ်ကို အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ပဲ ရက် ရွေှ့ဆိုင်းလိုက်ရပါသည်။ အဓိက အကြောင်းရင်းမှာ ၂ - ၁ - ၂၀၀၈ တွင် ထိုင်းဘုရင်မင်းမြတ်၏ အစ်မတော် ကွယ်လွန်အနိစ္စရောက်သဖြင့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ထိုင်းတစ်နိုင်ငံလုံး ၁၅ ရက်တိတိ outdoor ပျော်ပွဲရွှင်ပွဲများနှင့် ဖျော်ဖြေပွဲများကို ကျင်းပခြင်းမပြုရန် အများပြည်သူအား ထိုင်းအစိုးရမှ မေတ္တာရပ်ခံထားခြင်းကြောင့် ဘန်ဘွန်ရှိ နယ်မြေခံ အာဏာပိုင်များ အနေနှင့်လည်း ပွဲကျင်းပခွင့်ပြုရန် အခက်အခဲရှိသဖြင့် ယခုကဲ့သို့ ရက်ရွေှ့ဆိုင်းရခြင်း ဖြစ်သည်။
ဆေးရောင်စုံအဖွဲ့ အနေနှင့် အခြားနိုင်ငံများသို့လည်း ခရီးဆက်ရန် အစီအစဉ်များရှိသေးသည့်အတွက် ဘန်ဘွန်ပွဲစဉ်အတွက် ရက်အတိအကျ မသတ်မှတ်နိုင်သေးကြောင်း၊ သို့သော် အခြေအနေပေးပါက ဖျော်ဖြေရန်အသင့်ရှိကြောင်း သိရှိရသည်။
ဆေးရောင်စုံ အငြိမ့်အဖွဲ့သည် စင်္ကာပူနိုင်ငံ ပွဲစဉ်အပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၅ - ၂၆ ဇန်န၀ါရီ၌ ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ အခြားဒေသများတွင် အဆင်ပြေပါက ဆက်လက် ကပြဖျော်ဖြေမည် ဖြစ်သည်။
Wednesday, January 9, 2008
ဆေးရောင်စုံ အငြိမ့်အဖွဲ့ ဘန်ကောက်မြို့သို့ ရောက်ရှိ
ဆေးရောင်စုံ အငြိမ့်အဖွဲ့ဟာ ဒီနေ့ ညနေပိုင်းကပဲ မလေးရှားနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိလို့လာပါပြီ။
ဘန်ကောက်ရောက် ဆေးရောင်စုံ အငြိမ့်အဖွဲ့ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။
Tuesday, January 8, 2008
ဆေးရောင်စုံ အငြိမ့်ရဲ့ ဘန်ကောက်မြို့ ပထမပွဲစဉ် ကျင်းပမည့် နေရာ နှင့် ခန်းမ
ပထမပွဲစဉ်ကို Student Christian Center (SCC) Auditorium မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ခန်းမ နေရာနဲ့ ဓာတ်ပုံတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။
Thursday, January 3, 2008
ဆေးရောင်စုံ အငြိမ့် သို့မဟုတ် ပြည်သူ့ အချစ်တော် သီးလေးသီး
သီးလေးသီး ဆိုလို့ရှိရင် ပြောင်မြောက်တဲ့ ပျက်လုံးတွေနဲ့ မျက်မှောက်ခေတ် ဗမာပြည်ရဲ့ အခြေအနေတွေကို ရဲရဲဝံ့ဝံ့ ထောက်ပြရဲတဲ့ စိန်သီး၊ ကြယ်သီး၊ ပန်းသီး၊ ဆီးသီး လို့ခေါ်တဲ့ လူရွှင်တော် ၄ ယောက် ကို လူအတော်များများ သိကြပါလိမ့်မယ်။ တကယ်တော့ “ဆေးရောင်စုံ အငြိမ့်” ဆိုတာ ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာ နဲ့ အရိုင်း၊ ကင်းကောင်၊ ဖိုးဖြူ၊ ငှက်ပျောကြော်၊ ညောင်ညောင်၊ ဂေါ်ဇီလာတို့ရဲ့ “မြပုဏ္ဏမာ အငြိမ့်” အဖွဲ့ကနေ အနုပညာအမွေ လက်ဆင့်ကမ်း မွေးဖွားခဲ့တဲ့ အငြိမ့်အဖွဲ့ ပဲဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ အခုတော့ ဗမာပြည်မှာ အငြိမ့်ကခွင့် ပိတ်ပင်ခံခဲ့ရပြီး သူတို့ရဲ့ ဗမာပြည်မှာ နောက်ဆုံးကပြခဲ့တဲ့ ကန်တော်ကြီး မျော်စင်ကျွန်းပွဲဟာ ပြည်သူလူထု အကြားအထူးရေပန်းစားခဲ့ပြီး အဲဒီ အငြိမ့် ဗီစီဒီဟာ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရပေမယ့် ပြည်တွင်းမှောင်ခိုဈေးကွက်နဲ့ နိုင်ငံခြား ရောက် ဗမာတွေအကြားမှာ လက်မလည်အောင် ရောင်းနေရပါတယ်။
ဆေးရောင်စုံ အဖွဲ့နဲ့ သီးလေးသီးဟာ အခုဆိုရင် မလေးရှားနိုင်ငံကစတင်ပြီး သူတို့ရဲ့ နိုင်ငံခြားပွဲ တင်ဆက်ဖျော်ဖြေတင်ဆက်မှု အစီအစဉ်ကို စတင်လိုက်ပါပြီ။ ၂၀၀၇ ဒီဇင်ဘာ ၃၀ ရက်မှာ ပွဲဦးထွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ပွဲစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ၂၀၀၈ ဇန်န၀ါရီ ၆ ရက် မှာတော့ မလေးရှားနိုင်ငံ ပီနန်မြို့မှာ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၂ - ၁၃ မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာတော့ ဇန်န၀ါရီလ ၁၉ ရက်မှာ ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပါတယ်။
စင်ကာပူပွဲအပြီးမှာ ပြည်ဝင်ခွင့်ဗီဇာအဆင်ပြေပါက ဇန်န၀ါရီ (၂၅ နှင့် ၂၆) တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌့ သွားရောက် ဖျော်ဖြေရန်ဆန္ဒရှိပြီး အမေရိကန်နိုင်ငံရှိ မြန်မာပရိသတ်များကလည်း လာရောက်ဖျော်ဖြေရန် ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။ အခြားသတင်းတွေအရ ကိုရီးယား၊ ဂျပန်က ပရိသတ်ကလည်း သူတို့ဆီလာရောက်ဖျော်ဖြေဖို့ ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။
ဆေးရောင်စုံ အငြိမ့် ရဲ့ ဖျော်ဖြေတင်ဆက်မှုနဲ့အတူ သီးလေးသီးရဲ့ ပျက်လုံးတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။
Spirit Media Production ရဲ့ ပထမ ခြေလှမ်း
The Spirit Media Production ရဲ့ ပထမခြေလှမ်းအဖြစ် သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်အဖွဲ့ရဲ့ နိုင်ငံရပ်ခြား ဖျော်ဖြေတင်ဆက်မှုပွဲစဉ်မှ ထိုင်းနိုင်ငံ ပွဲစဉ်များကို စီစဉ်တင်ဆက်လိုက်ပါတယ်။
ရွေှ့ပြောင်း မြန်မာ ကလေးငယ်များရဲ့ ပညာရေးရန်ပုံငွေပွဲအဖြစ် ပထမ ပွဲစဉ်ကို ဘန်ကောက်မြို့လယ်ရှိ နာမည်ကျော် MBK Shopping Center အနီးရှိ Student Christian Center (SCC) မှာ ၁၂ - ၁ - ၂၀၀၈ စနေနေ့ တွင် စတင် ကျင်းပမှာ ဖြစ်ပြီး ၀င်ကြေးအနေနဲ့ ၂၅၀ ဘတ် သတ်မှတ်ထားပါတယ်။ အချိန်ကတော့ ညနေ ၅ နာရီမှ ည ၈ နာရီအထိ ဖြစ်ပါတယ်။ ဒုတိယပွဲစဉ်ကိုတော့ ၁၃ - ၁ - ၂၀၀၈ တနင်္ဂနွေနေ့မှာ ဘန်ကောက်မြို့ တောင်ဘက်ရှိ ဘန်ဘွန် (Ban Bon) အရပ်မှာ ကျင်းပမှာဖြစ်ပါတယ်။ အချိန်ကတော့ ညနေ ၆ နာရီမှ ည ၉ နာရီအထိဖြစ်ပြီး ၀င်ကြေး ၂၀၀ ဘတ် သတ်မှတ်ထားပါတယ်။
ထိုင်းနိုင်ငံမှ ပရိသတ်များအနေနဲ့ အသေးစိတ် အချက်အလက်များသိရှိလိုပါက
thespiritmedia@gmail.com
သို့ e-mail ဖြင့်ဖြစ်စေ၊ ဖုံး 0838295767, 0873416978, 0841079352 သို့ဖြစ်စေ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။
Home
Subscribe to:
Posts (Atom)
ဥယျောဇဉ်
“The Spirit” တနည်းအားဖြင့် “စိတ်ဓာတ်” ဟု အမည် ရသော ကျွန်ုပ်တို့၏ Media Production သည် လွတ်လပ်မှု၊ တရား မျှတမှု နှင့် အမှန် တရားကို တန်ဖိုးထား လေးစား မြတ်နိုးသော မျိုးချစ် ဗမာ လူငယ် များဖြင့် ဖွဲ့စည်း တည်ထောင် ထားခြင်း ဖြစ်ပြီး ကျွန်ုပ် တို့၏ တိုင်းပြည် နှင့် ပြည်သူ လူထု အ တွက် နား၊ မျက်စိ နှင့် ဦးနှောက် သဖွယ် ဖြစ်သော သတင်း၊ နည်းပညာနှင့် ပညာပေး လုပ်ငန်း များကို ကျယ်ကျယ် ပြန့်ပြန့် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်သည်။“စိတ္တ ၀တော ကိံ နာမ ကမ္မံ န သိဇ္ဈတိ” “ပြင်းပြသော စိတ် ဆန္ဒ ရှိသူ အတွက် မပြီး မြောက်သော အမှု သည် အဘယ်မှာ ရှိအံ့နည်း” ဟူသော မြတ် ဗုဒ္ဓ ၏ စကားတော် နှင့်အညီ ကျွန်ုပ်တို့၏ ပြင်းပြသော စိတ်ဓာတ်၊ မဆုတ် မနစ်သော ကြိုးပမ်း အားထုတ်မှု တို့ဖြင့် ပြည်သူ လူထုကို အလုပ် အကျွေး ပြုပါအံ့။
The Spirit Time
ဖုန်းဖြင့် SMS သတင်း ရယူရန်
မှာခြွေစကား ထားခဲ့ပါ
Visiter Counter
The Spirit Search
The Spirit Dictionary
Reuters
Associated Press
CNN
BBC
Labels
News
(3)
သတင်း
(2)
Blog Archive
▼
2008
(7)
▼
January
(7)
သီးလေးသီး နှင့် ဆေးရောင်စုံ အငြိမ့် ဘန်ကောက်မြို့အ...
ဆေးရောင်စုံအဖွဲ့၏ ၁၂-၀၁-၂၀၀၈ ဘန်ကောက်မြို့ပွဲစဉ်ေ...
ဆေးရောင်စုံ အငြိမ့် ဘန်ဘွန်ပွဲစဉ် အကြောင်းအမျိုးမျ...
ဆေးရောင်စုံ အငြိမ့်အဖွဲ့ ဘန်ကောက်မြို့သို့ ရောက်ရှိ
ဆေးရောင်စုံ အငြိမ့်ရဲ့ ဘန်ကောက်မြို့ ပထမပွဲစဉ် ကျင...
ဆေးရောင်စုံ အငြိမ့် သို့မဟုတ် ပြည်သူ့ အချစ်တော် သီ...
Spirit Media Production ရဲ့ ပထမ ခြေလှမ်း
About Me
Spirit Media Production
View my complete profile